Popular Posts

Monday, February 28, 2011

ပုသိမ်သူအကြောင်း

helloသူငယ်ချင်တို့ 
ပုသိမ်ဆိုလို့ မျက်ခံုးမလှုပ်ကြနဲ့ နော်...
ပုသိမ်ကတွေဆိုရင်တော့ ဟဲဟဲ..
ဒို့ လဲပုသိမ်သားဘဲနော်
ပုသိမ်သူတွေကခင်ဖို့ ကောင်းပါတယ် အားလုံးဟာအဖြူအမဲမခွဲခြားဘဲပေါင်းသင်းပါတယ်(မျက်မှန်မေ့ကျန်ခဲ့လို့ )
ပုသိမ်လူတွေကချောတာများ ကျွန်တော့်ကိုကြည့် ချောသလားမမေးနဲ့ ငါးရှဥ့်အရှုံးပေးရတယ်
ဒီကြားထဲ black/whiteက နာမည်ပေးထားတာက ငါးပိကောင်တဲ့(နောက်မခေါ်ရဘူးနော်..ခေါ်ရင်စိတ်ဆိုးမှာနော်သယ်ချင်း)
ပုသိမ်သူတွေအလန်းတွေများတယ်သိလား
ဒီကြားထဲ ဟိုကောင်newsakkလာနှောင့်ရှက်ရော..
newsakk;ဟိုင်းသယ်ချင်းနေကောင်းလား
ddevil601;ကောင်းတာပေါ့ကွာ
မှတ်ချက်(ဒီကောင်ပြောရင်ငပိအကြောင်းတစ်ခါမှမထွက်ဘူး)
အခုပြောပုံလဲကြည့်
newsakk;မင်းကိုသတိရနေတာကွ
ddevil601;ဟုတ်လို့ လား
newsakk:တကယ်ကွ မင်းကိုပုသိမ်အကြောင်းပြောရဦးမယ်
ddevil601;ဟာဟုတ်လားပြောပါဦး
ငါလဲပုသိမ်သူအကြောင်းblogရေးနေတာ
newsakk:ပုသိမ်မှာလေနာမည်ကြီးဟာလ၀ါကိုသိတယ်မလား
ddevil601;အေး ရွှေမြင်းပျံလေ ဟုတ်တယ်မလား
newsakk:အင်း
ဟာလ၀ါအသစ်ထုတ်လို့ လေ
မင်းကိုစားစေချင်လို့ 
ddevil601;ဟင်ဟုတ်လား
စားကောင်းလား
newsakk:အေးကောင်းတယ်
မွှေးနေတာဘဲ
ddevil601;ဟုတ်လား
ငါကဟာလ၀ါဆိုcrazyဘဲ သိပ်ကြိုက်
newsakk:မင်းစားချင်လား
ငါကမင်းကြိုက်တတ်မှန်းသိလို့ ပြောတာကွ ပို့ ပေးမယ်လေ
ddevil601;အေးပို့ လိုက်
ဒါနဲ့ ဘာဟာလ၀ါလဲကွ
newsakk:ငပိကောင်ဟာလ၀ါလေ
စားမလား
ddevil601;ဟိုက်
အကောင်းမှတ်လို့ နားထောင်နေတာတော်ပြီမပြောတော့ဘူး
မင်းအကျင့်ကမပျောက်သေးဘူးနော်
newsakk:ဟဲဟဲ မင်းကလည်း
ခင်လို့ စတာကို
မင်းဟာလ၀ါကြိုက်မှန်းသိလို့ စတာနော်
စိတ်ဆိုးရဘူးနော်
ddevil601;တော်ပါ
မမနန်ကီရေလုပ်ပါဦး ပုသိမ်သူအကြောင်းရေမလို့ ဘဲရှိသေးတယ်
ပုသိမ်သား fight တာခံနေရတယ် သြော်....ဘယ်လိုလူနဲ့ တိုးနေလဲသိပါဘူး
ဒါနဲ့ ပုသိမ်သူအကြောင်းဆက်အုံးမယ်
ပုသိမ်မှာ လပြည့်နေ့ တွေဆို အရမ်းစီတာဘဲ
ကောင်မလေးတွေရော ကောင်လေးတွေရော ဘုရားသွားကြတာလေ
ပထမကချီးကျူးမလို့ ဘဲ ဘာသာတရားတွေကိုင်းရှိုင်းတယ်ပေါ့
ကောင်မလေးတွေကဘုရားလှည့်ပြီးရှိခိုးနေတာ ခဏပါဘဲ
အိမ်ကိုပြောလာတုန်းကတော့ "ဘုရားသွားမလို့ ကြာမယ်တဲ့"
အဲဒီမှာစတော့တာဘဲဗျို့ ..ကျွန်တော်က ကန်သုံးဆင့်နားမှာနေတာဆိုတော့ ကန်ကိုပတ်ပြီးပြန်လာတာပေါ့
အဲဒီမှာစတွေ့ တော့ ကို ယ့်ကိုကိုယ်တောင်ယုံတော့ဘူး
ဘုရားဖူးလာတဲ့လူတွေ ဘယ်လိုလုပ်ထဲရောက်ကုန်တာပါလိမ့်
စဉ်းစားရကျပ်သွားတယ် လက်စသတ်တော့ ကောင်မလေးတွေက ဘဲနဲ့ လာချိန်းတွေ့ တာကို
ဘဲတွေ ကလည်း ဘုရားလည်းဖူးရင်း လိပ်ဥလဲတူးတာပေါ့ ဘယ်ပြောကောင်းမလဲ
သြော်ပုသိမ် ပုသိမ်...တယ်ဆိုးပါလားနော်





ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ ပုသိမ်သူအကြောင်းလေးvideoလေးကြည့်လိုက်ပါအုံးနော်
(မှတ်ချက်။ ။မမနန်ကီပါဘူးနော် ဟဲဟဲ စိတ်ဆိုးရဘူးနော် )
သြော်ပုသိမ် ပုသိမ် အရင်ကဒီလိုမဟုတ်ပါဘူး
ကျွန်တော်တို့ ဘုရားကျောင်း(အ.ထ.က ၆)စိန်ပီတာဘုရားကျောင်းမှာလာပြီးချိန်းတွေ့ သဗျ
အဆိုးဆုံးက စက်တော်ရာဘုရားမှာဘဲ သာသနာ့မြေမှာတော့မလုပ်သင့်ပါဘူးနော်
ဇွဲကောင်းတဲ့လူတွေဆိုရင် ရေကြည်ဦးဘုရားတောင်သွားကြသဗျ
နီးနီးလေးကို ....ကောင်မလေးတွေ ကအခန့် သားထိုင်ပြီး ဖွန်ကြောင်တဲ့ကောင်လေးကတော့ရှေ့ ကနေ..
(ဆိုင်ကယ်နဲ့ ဆိုရင်တော့တော်သေးတာပေါ့ ) ချွေးတဒီးဒီးကျတဲ့အထိ စက်ဘီးကိုနင်းနေတော့တာဘဲ
သြော်အချစ် အချစ် လူတွေကိုအားဖြစ်စေတာလား အားဖြစ်ရင်တော့တော်သေးတာပေါ့
အားမဖြစ်ရင်တော့ မြွေပါလည်းဆုံးသားလည်းဆုံးပေါ့
ဆိုင်ကယ်နဲ့ ဆိုရင်တော့ မနင်းရတာတစ်ခုဘဲသက်သာတယ် ဆိုင်ကယ်ဆီဘိုးလည်းကုန်
မောင်းလိုင်စင်မပါရင်လည်း ယာဉ်ထိန်း(မော်တော်ပီကေ) ကဖမ်းပြီးအလှူခံတော့တာဘဲ
ဒဏ်ကြေးကတော့သိပ်မများပါဘူး သဒါသရွေ့ လေ(ယာဉ်ထိန်းတောင်းသလောက်ပေးရတာ)
ဦးထုပ်မစောင်း၁၅၀၀၀ လိုင်စင်မပါ ၁၅၀၀၀ စည်ပင်က ၅၀၀၀ လမ်းမသိလို့ ဆိုပြီးပြောင်းပြန်မမောင်းမိနဲ့ 
သေသွားလိမ့်မယ် အနည်းဆုံး ၂၅၀၀၀ ကဲ ကောင်မလေးကိုကြောင်တဲ့ညီလေးတို့ ရေ ကြည့်သာကြောင်ပေတော့ ကျွန်တော် ကြောက်လို့ ပုသိမ်ကနေထွက်ပြေးလာရတယ်
ကောင်မလေးတွေကြောက်လို့ လေ
ကဲဒီ blogက ပထမဆုံးမို့ လို့ လိုအပ်တာလေးတွေပြောနိုင်တယ် ဝေဖန်နိုင်တယ်နော်
အားလုံကိုခင်တဲ့ပုသိမ်က ဂေါက်ကြောင်ကြောင်ကောင်လေး
စတီဗင်